ပုဂံ မတ် ၁၄
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ပုဂံခေတ်ရှေးဟောင်း ရေလမ်းကြောင်းများ၊ ရှေး ဟောင်းရေကန် ဆယ်ယူထိန်းသိမ်းမှု နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် ပုဂံရှေး ဟောင်းသုတေသန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အီတလီနိုင်ငံ University of Marche မှ ရေစီမံခန့်ခွဲမှု ပညာရှင် Hydrology Expert Professor Dr. Massimo Sarti နှင့် ဆက်စပ် ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပုဂံ၏ ရှေးဟောင်းရေစီးရေလာစနစ်သည် ရေစီး လမ်းကြောင်းများနှင့် ရေကန်များကို ချိတ်ဆက်၍ မိုးများစေကာမူ ရေလွှမ်း/ရေကြီးမှု မရှိစေ ရန်နှင့် ရေကန်များအတွက် သုံးရေ၊ သောက်ရေများ ရရှိစေရန် စနစ်တကျ စီမံဆောင်ရွက်ခဲ့ သည်ကို လေ့လာတွေ့ရှိခဲ့သည့်အတွက် ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနိုင်ရန် ၂၀၂၂ ခုနှစ်က စတင်၍ ပြည်ပပညာရှင်နှင့် ပူးပေါင်းကာ နှစ်တို၊ နှစ်ရှည် လျာထားဆောင်ရွက်လျက်ရှိ ကြောင်း၊ ရေလမ်းကြောင်းများနှင့်အတူ ပုဂံဒေသတွင် ရှေးဟောင်းရေကန်(၁၀၆) ကန် မှတ် တမ်းပြုစုထားပြီး ပြုပြင်ထိန်းသိမ်းရန်(၉၁)ကန်ကို ပထမအဆင့် (၄၆)ကန်၊ ဒုတိယအဆင့် (၄၅)ကန်လျာထား၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ကမ္ဘာ့အမွေ အနှစ်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ အမွေအနှစ်အပေါ် ထိခိုက်သက်ရောက်မှု ဆန်းစစ် ချက်(HIA) ဆောင်ရွက်ခြင်း၊ ရေကန်တစ်ကန်ချင်းအတွက် အသေးစိတ် Topographic Map များ၊ GPS အချက်အလက်များ ပြုစုခြင်း၊ စမ်းသပ်ကျင်းများ တူးဖော်၍ ပို့ကျမြေလွှာများနှင့် ရေထိန်းနိုင်သည့် မြေလွှာများ လေ့လာခြင်း၊ မူလကန်ဘောင် အရွယ်အစားမပျက် ပို့ကျနေ သော အနည်အနှစ်များ၊ နုန်းဆယ်ခြင်းနှင့် မူလရေဝင်၊ ရေလျှံလမ်းများ ဖော်ထုတ်ပြုပြင် ထိန်းသိမ်းခြင်း၊ လမ်းဖောက်ခြင်းကြောင့် ပျောက်ကွယ်သွားသော ရေလမ်းကြောင်းများအား အစားထိုး ဖော်ထုတ်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့အမွေ အနှစ်ဒေသ မထိခိုက်စေရန်အတွက် ပညာရပ်ဆိုင်ရာ ဆွေးနွေး ညှိနှိုင်း၍ ပြုပြင်ဆောင်ရွက် သင့်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇတရေးရာဝန်ကြီး၊ ရှေးဟောင်း သုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အီတလီနိုင်ငံမှ ပညာရှင် Professor Dr. Massimo Sarti နှင့် တာဝန်ရှိသူများက သုတေသနပြု လေ့လာတွေ့ရှိချက်များ၊ ပြုပြင်သင့်သည်များ၊ လက်ရှိဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သင့်သည်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများနှင့် ပြင်ပ ပညာရှင်များက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးတင်ပြ အကြံပြုကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နုန်းများဆယ်ယူတူးဖော်နေ သည့် ရေတော်မုနိကန်၊ ရွှေထီးကန် တူးဖော်ထားရှိမှု၊ ရွှေနန်းရင်တောကန် (၁)၊ (၂)၊ (၃)၊ ဖိုးသူတော်ကန်နှင့် မြောက်တဝက်ကန်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မူလတန်ဖိုး မပျောက်ပျက်အောင် ဆောင်ရွက်ရန်နှင့် မူလပုံသဏ္ဍာန်မပျက် ပြုပြင် ထိန်းသိမ်းဆောင် ရွက်သွားရန်မှာကြားသည်။
ဆက်လက်၍ ဘုရားအမှတ်-၇၄၈(စူဠာမဏိဘုရား) မိုးကြိုးလွှဲတပ်ဆင်ထားမှု၊ တောင်ဘက်ဝင်ပေါက် အရှေ့ဘက်အခြမ်း လိုဏ်ပတ်လမ်းရှိ နံရံဆေးရေးပန်းချီများ မထိခိုက် စေရန် Tempered Glass မှန်ဖြင့် ကာရံခြင်းလုပ်ငန်း၊ ဘုရားအုတ်ခုံနှင့် အပြင်တံတိုင်းကြား အုတ်ကြမ်းခင်းပတ်လမ်းပြုလုပ်ခြင်းနှင့် မူလကြမ်းခင်းပြကွက်အား ဆိုင်းဘုတ်တပ်ဆင်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်