ညောင်ဦး ၁၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ဆောင်ရွက်မည့် အမှိုက်ခွဲခြားစွန့်ပစ်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဇူလိုင် ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ညောင်ဦးမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တည်ရှိရာ ဇုန်အတွင်းဆောင်ရွက်မည့် (Survey) မှတ်တမ်းကောက်ယူခြင်းနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှု လေ့ကျင့်ခြင်းအား(IGES)မူ ဘောင်နှင့်အညီ အကောင်အထည်ဖော်ရေး လုပ်ငန်းအောင်မြင်စေရန် အလုပ်ရုံဆွေးနွေးပွဲ ပုဂံဒေသလုပ်ငန်း အကောင်အထည်ဖော်မည့် အဖွဲ့၏ ဒါရိုက်တာများဖြစ်ကြသည့် ညောင်ဦးမြို့နယ်၊ စည်ပင်သယာရေး အဖွဲ့၊အမှုဆောင်အရာရှိ ဦးတင်မြင့်၊ ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဦးမြင့်သန်း(ဒုတိယညွှန်ကြားရေးမှူး)တို့က ပုဂံရှေးဟောင်းယဉ် ကျေးမှုဇုန်အတွင်း ဆောင်ရွက်မည့် အမှိုက်ခွဲခြားစွန့်ပြစ်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အနာဂတ်အတွက် ကောင်းသော အထောက်အပံ့များ မျိုးစေ့ချပေးနိုင်ခဲ့မည်ဖြစ်ခြင်းကြောင့် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း အမှာစကား ပြောကြားသည်။
ပြီးနောက်ကနဦး ရှေ့ပြေးစမ်းသပ် ဒေတာကောက်ယူမည့် သတ်မှတ်ဒေတာ(၅)ခုရှိ အဓိက ပူးပေါင်းဆောင်ရွက်မည့်သူများ( ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ၊လက်တွေ့ ဆောင်ရွက်မည့် ဒေသနေပြည်သူများ၊ ပရဟိတ လုပ်သူများနှင့်အဖွဲ့များ၊ လက်တွ့ဆောင်ရွက်မည့် ဒေသနေပြည်သူများ၊ ရပ်မိရပ်ဖများနှင့် ဘုရားဂေါပက အဖွဲ့များအားလုပ်ဆောင်မည့် အစီအစဉ်များအား အသေးစိတ်အား ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်ခိုင်က ရှင်းလင်းပြောကြားသည်။
ပုဂံဒေသတွင် ဆောင်ရွက်မည့် အမှိုက်ခွဲခြားစွန့်ပစ်ခြင်း စနစ်အတွက် (IGES- Institute for Global EnvironmentalStrategles)မှ ကူညီပံ့ပိုးခြင်းဖြစ်သည့်အတွက် အားလုံးတက်ကြွစွာ ပါဝင်ပေးကြရန် ဆွေးနွေးကာ ပုဂံဒေသကျေးရွာ(၄)ရွာနှင့် ရပ်ကွက်(၁)ရပ်ကွက်တွင်ပြုလုပ်မည့် အမှိုက်ခွဲခြား စွန့်ပစ်မှု အလေ့အကျင့် ပေါ်ပေါက်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အစည်းအဝေး တက်ရောက်လာကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Bagan Plastic Campaign ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တည်ရှိရာ ဇုန်အတွင်း ဆောင်ရွက်မည့် အမှိုက်ခွဲခြားစွန့်ပစ်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအား ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်ထိန်၊ ကျောက်ပန်းတောင်း


