ရန်ကုန် ၃၀ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် အထက(၄)တွင် ယမန်နေ့ မနက်ပိုင်းက အဆိုပါကျောင်းမှ ကျောင်းသား ကျောင်းသူဟောင်းများ၏ ထောက်ပံမှုဖြင့် မေတ္တာဆေးခန်း ဖွင့်လှစ်ပြီး အငြိမ်းစားဆရာ/ ဆရာမကြီးများအား ဆေးကုသပေးခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ အ.ထ.က.(၄) ပုဇွန်တောင်တွင် သက်ကြီးရွယ်အို အငြိမ်းစားဆရာ/ဆရာမကြီးများအား မေတ္တာအခမဲ့ဆေးကုခန်းမှ ဆေးကုသပေးရာ ဆရာ၊ဆရာမကြီး(၄၆)ဦးအား အခမဲ့ဆေးစစ် ပေးခြင်း၊ ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုဘုန်း(ပြန်ဆက်)


