ပုဇွန်တောင် ၃၀ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၌ ဆေးလိပ်ကင်းစင် လုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်းအခမ်းအနား ကို ယမန်နေ့ နံနက်ပိုင်းက ပုဇွန်တောင် မြို့နယ် အထက(၂) ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းထွန်းမှ ဆေးလိပ်ငွေ့ကင်းစင် နယ်မြေများ ထူထောင်ရခြင်းအကြောင်းနှင့် ဆေးလိပ်ငွေ့ ကင်းစင်ရေးလုပ်ငန်းစဉ်များနှင့် စပ်လင်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်း အနားကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ လုပ်ငန်းရှင်များ ရပ်ကွက် နေပြည်သူများ စိတ်ပါဝင်စားသူများ စုစုပေါင်း ၁၅၀ ခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။
ကိုဘုန်း(ပြန်ဆက်)


