ရန်ကုန် ၁၉ ဇွန်

ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာန၊ မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းမှုဖြင့် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public  Talk) ကို ဇွန် ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင် ပုဇွန်တောင်မြို့နယ် အထက(၄)ကျောင်း ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ညီညီအောင်၊ စာရေးဆရာ မင်းရဲသိင်္ခ၊ မြို့နယ်ဥပဒေရုံးမှ တာဝန်ရှိသူတစ်ဦး၊ မြို့နယ်တရားရေးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် စာရေးဆရာမ ခင်လပြည့်ဝန်း၊ စာရေးဆရာမ ကောင်းကင်မေ၊ စာရေးဆရာ ရွှေဒုံမောင်(ပတ္တမြား)တို့က မူးယစ်ဆေးဝါးအန္တရာယ်နှင့်  ပတ်သက်သည်များကို ဟောပြောဆွေးနွေးမည်ဖြစ်ရာ မည်သူမဆို တက်ရောက် နားထောင်ပြီး ပြန်လည်ဆွေးနွေးနိုင်ကြောင်း  သိရသည်။

ကိုဘုန်း(ပြန်/ဆက်)