ပုဇွန်တောင် ၁၉ အောက်တိုဘာ
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူမှုရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စွာ ဆောင်ရွက်ရန်အတွက် ပုဇွန်တောင်မြို့နယ် အသင်းအဆင့်ဆင့်တွင် ရပ်ရွာလူထုကိုယ်စားလှယ်များ တင်မြှောက်ပွဲကိုကျင်းပရာ ပုဇွန်တောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက် (၅၂)လမ်းရှိ အေးမြချမ်းသာ ဓမ္မာရုံတွင် ယနေ့မနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ ကျင်းပခဲ့သည်။
အဆိုပါ ရပ်ရွာလူထုကိုယ်စားလှယ်များ တင်မြောက်ပွဲတွင် ပုဇွန်တောင်မြို့နယ် ကြက်ခြေနီအသင်းမှ အသင်းသားအသင်းသူ မဲဆန္ဒရှင်စာရင်း(၁၁၀)ဦးရှိပြီး တိုင်းဒေသကြီးရပ်ရွာ လူထုကိုယ်စားလှယ်၊ အရှေ့ပိုင်းခရိုင် ရပ်ရွာလူထု ကိုယ်စားလှယ်၊ မြို့နယ်ရပ်ရွာ လူထုကိုယ်စားလှယ်တို့ကို မဲပေးခဲ့ကြောင်း သိရသည်။
ကိုဘုန်း(ပြန်ဆက်)


