ရန်ကုန် ၃၁ ဇူလိုင်


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းတွင် သွေးတိုး၊ ဆီးချိုရောဂါများ ဖြစ်ပွားမှု အခြေအနေ၊ ဖြစ်ပွားစေသော အကြောင်းအရာများနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ် ကျန်းမာရေး ဝန်ထမ်းများမှ ဆီးချိုရောဂါစစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါ စစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးဝါးများအခမဲ့ပေးခြင်းတို့ဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ခဲ့ကြောင်း သိရသည်။


ကိုဘုန်း(ပြန်ဆက်)

 

 

1