ပုလဲ ၁၄ ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)နှင့်  အခြေခံပညာ အထက်တန်းကျောင်း၌  ဇူလိုင်  ၁၄ ရက်၊ နံနက် ၁၀ နာရီက (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် အတွေးပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

ပုလဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းစိုးက “မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် ကလေးများရဲ့ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ ကလေးများရဲ့ တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေးများ  စာပေနှင့်ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေရန်၊ ကလေးများအတွက် ပျော်ရွှင်မှုကို ဖန်တီးပေးရန်၊ စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ အာဇာနည်နေ့နှင့်  ပတ်သတ်တဲ့    သမိုင်းအကြောင်းအရာများကို ဗဟုသုတများ ရရှိလာစေရန်တို့ကို ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊      မြို့နယ်ပညာရေးမှူးရုံးတို့နှင့် ပူးပေါင်းပြီး (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် အတွေးပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများက ကျင်းပပေးရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

 

အဆိုပါ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၄၆ ဦး၊ အလယ်တန်းအဆင့် အတွေးပန်းချီပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၉၀ ဦး၊ မူလတန်းအဆင့် မြန်မာစကားပုံဆက်ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၉၆ ဦးနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၁၁ ဦး စုစုပေါင်း ၄၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဆုရရှိမည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၈ ရက်တွင် ဆုများကို ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)