ပုလဲ ၁၀ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ ပုလဲရတနာခန်းမ၌ ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၁၂ ရွာအတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan - VDP) ရန်ပုံငွေကျပ် သိန်း ၁၂၀ဝ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းတို့က အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးက ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအပေါ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်တီ ဥက္ကဋ္ဌနှင့် ဌာနတာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၁၂ ရွာအတွက် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၀ဝ နှုန်းစီဖြင့် လွှဲပြောင်းပေးအပ်ရာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကုက္ကိုစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ကျေးဇူးတင်းစကား ပြောကြားခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN
