ပုလဲ   ၂၈  ဇန်နဝါရီ

 

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း အမှတ်စဉ်(၃/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပုလဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

သင်တန်းတွင်  ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများ၊ သဘာဝ ဘေးအန္တရာယ်များအကြောင်း၊ ထိခိုက်ခံရလွယ်မှု၊  ထိတွေ့နိုင်ခြေနှင့်  ထိခိုက်ဆုံးရှုံးနိုင်ခြေတို့၏ သက်ရောက်မှု၊  ရာသီဥတု ပြောင်းလဲခြင်းနှင့် ၄င်း၏ သက်ရောက်မှုများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ မှုဝါဒများနှင့် ဖွဲ့စည်းဆောင်ရွက်မှုများ၊ ဘေးအန္တရာယ်နှင့်  ဖွံ့ဖြိုးရေးတို့ ဆက်စပ်နေမှု၊ အဖွဲ့လိုက် လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း ဘာသာရပ်များကို ပို့ချမည်ဖြစ်သည်။

 

အဆိုပါ   သင်တန်းသို့ ပုလဲမြို့နယ်အတွင်းရှိ  ရပ်ကွက်နှင့် ကျေးရွာများမှ  သင်တန်းသား၊ သင်တန်းသူ  ၃၀ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၃ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

မြင့်သိန်းစိုး(ပြန်/ဆက်)