ပုလဲ ၁၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ကိုင်းတွင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၃ နာရီ ၁၀ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ကိုင်းတွင်းကျေးရွာနေ ဦးရွှေမင်းနေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့မှ စုစုပေါင်းမီးသတ်ယာဉ် (၇)စီး၊ ရေသယ်ယာဉ် (၃)စီးတို့ဖြင့် စုပေါင်းဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၅ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် ၃၇ လုံးနှင့် နွားစာတဲ (၂)လုံး၊ ဝက်(၆)ကောင်၊ ကြက် (၂၂၄၁၀)ပိဿာ၊ ဆန်(၅၀)အိတ်၊ ကုလားပဲ(၁၅)တင်း၊ စပါး(၂၀၀)တင်း၊ နေကြာ(၃၀)တင်း၊ နှမ်း (၂)တင်း မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်ပြည်သူများကို ကိုင်းတွင်းကျေးရွာ အ.ထ.က ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိကြောင်းနှင့် မီးကိုပေါ့ဆစွာအသုံးပြုသူ ဦးရွှေမင်းအား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)


