ပုလဲ၊ နိုဝင်ဘာ ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပုလဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့်ပုလဲမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်အတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဖိနပ်ပြုလုပ်နည်း သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အဆိုပါ သင်တန်းကိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ (၂.၀၀)သန်းဖြင့် သင်တန်းသူ (၁၅)ဦးအား သင်တန်းနည်းပြ(၂)ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၇)ရက် ကြာမြင့်မှာဖြစ်ကြောင်း သိရသည်။
ဖြိုးကျော် (ပုံတောင်မြေ)


