ပုလဲ ၁၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလ အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို ထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀,၀၀၀ ကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပုလဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ထံမှ သိရှိရသည်။
အဆိုပါ ထောက်ပံ့မှုများမှာ ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၉ စုရှိ အိမ်ထောင်စု ၃၃,၆၉၂ စုအတွက် ထောက်ပံ့ငွေကျပ် ၆၇၃,၈၄၀,၀၀၀ သိန်းကို ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေး လျက်ရှိပါကြောင်း၊ ထောက်ပံ့ငွေပေးအပ်ရာတွင် ဌာနဆိုင်ရာမှ အကြီးအကဲများ၊ ဝန်းထမ်းများ အပါအဝင်ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းရှိ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့်အတူ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။
မွှေးကြူဇင်


