ပုလဲ ၂၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစတင်၍ အခြေခံပညာကျောင်း (၂၂)ကျောင်းအား ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပုလဲမြို့နယ် ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေက “၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ပုလဲမြို့နယ်၊ မယင်းကျေးရွာ၊ လဲကန်ကျေးရွာနှင့် ကံရိုးကျေးရွာရှိ အခြေခံပညာ အလယ်တန်း ကျောင်းများကို အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အဖြစ် လည်းကောင်း၊ သက္ကယ်ကျင်း(အထက်) ကျေးရွာ၊ လက်ပန်ကျေးရွာ၊ မုံကြိုင်းကျေးရွာ၊ သင်တီးကန်ကျေးရွာ၊ ဦးနှောက်ကျေးရွာ၊ ကိုင်းတွင်းကျေးရွာ၊ ဆင်ရှင်ကျေးရွာ၊ ရွှေလောင်းကျေးရွာနှင့် ရွာသာ-လိန်းကုန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များကို အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် လည်းကောင်း၊ ဂျပ်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကံသာယာကျေးရွာ၊ တောင်ပျောက်ကျေးရွာနှင့် ပိတောက်ကုန်းမွှာ တောတိုက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများကို အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အဖြစ်လည်းကောင်း၊ ဇေတီယျုံကျေးရွာနှင့် ဂွေးပင်ရိုးတောတိုက်ရှိ အခြေခံပညာ မူလတန်းကျောင်းများကို အခြေခံပညာမူလတန်းလွန်ကျောင်းများအဖြစ် လည်းကောင်း၊ သပြေလှကျေးရွာနှင့် စိုင်ဂေါင်းတောတိုက်ရှိ အခြေခံပညာမူလတန်းကျောင်း( ခွဲ )များကို အခြေခံပညာ မူလတန်းကျောင်းများ အဖြစ်လည်းကောင်း ၊ မဲဇရပ်ကျေးရွာရှိ ကိုယ့်အားကိုယ်ကိုး မူလတန်း ကျောင်းကို အခြေခံပညာမူလတန်း ကျောင်း(ခွဲ)အဖြစ်လည်းကောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်ခွင့် ရရှိခဲ့ပါတယ် ” ဟု ပြောသည်။
ပုလဲမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အဆင့်တိုး (၃)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုး (၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့်တိုး (၅)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်းအဆင့်တိုး (၂) ကျောင်း ၊ အခြေခံပညာ မူလတန်းကျောင်း အဆင့်တိုး ( ၂ ) ကျောင်း ၊အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အဆင့်တိုး (၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း( ၂၂ )ကျောင်းကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့သောကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိကျေးရွာမှာပင် အေးချမ်းစွာ ပညာသင်ကြားခွင့် ရရှိမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


