ပုလဲ ၁၂ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် မေ ၁၁ ရက်က တရားမဝင်သစ် ပိတောက်ခွဲသား ၁၂ တန်ကျော် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခရိုင်သစ်တောဦးစီးဌာနမှ တောအုပ်မြင့်နိုင်နှင့် ဝန်ထမ်းများ၊ ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၁၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်က ပုလဲမြို့နယ်၊ လယ်ဓမ္မကျေးရွာ၏ အနောက်ဘက် (၂)မိုင်ခန့်အကွာ ကျားပါးစပ်တောင်ခြေစပ်သို့ ဝင်ရောက်ရှာဖွေရာ တရားမဝင်သစ် ပိတောက်ခွဲသား ၁၅၆ ချောင်း (၁၂ ဒသမ ၁၈၅၈)တန်ကို ပိုင်ရှင်မဲ့တွေ့ရှိ၍ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပိုင်ရှင်မဲ့ သိမ်းဆည်းရရှိခဲ့သော သစ်များကို ပုလဲမြို့နယ်၊ လယ်ဓမ္မဘိနယ် သစ်တောစခန်းတွင် ထိန်းသိမ်းထားရှိပြီး တရားမဝင်သစ်များ ခုတ်လှဲခြင်းနှင့် သယ်ဆောင်ခြင်းလုပ်ငန်း လုပ်ကိုင်နေသူများကို ဖမ်းဆီးရမိရေးအတွက် နယ်မြေကွင်းဆင်းခြင်းလုပ်ငန်းကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)