ပုလော        ၂၀     ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကျရောက်လာပါက မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့မဈေးကြီး၌  ကျင်းပပြုလုပ်ခဲ့သည်။

 

a

 

မီးလောင်နေသောနေရာများကို မီးသတ်ဆေးဘူးများအသုံးပြု၍ ဈေးသူ၊ ဈေးသားများအား လက်တွေ့မီးငြှိမ်းသတ်ပုံများကို သရုပ်ပြလေ့ကျင့်ခဲ့ပြီး မီးလောင်နေသော အခန်းအတွင်းပိတ်မိနေသော လူနာအားကယ်ဆယ်ရန် ခေတ်မီ Hydraulic Tools များကို အသုံးပြု၍ တံခါးသော့များကို ဖြတ်တောက်ခြင်း၊ ပိတ်မိနေသောလူနာများကို ကယ်ထုတ်ခြင်းများကို သန္ဖေတပ်ဖွဲ့ဝင် (၁၀) ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၅)ဦးတို့က ကိုယ်စီတာဝန်အလိုက် စနစ်တကျ ဟန်ချက်ညီညီဖြင့် သရုပ်ပြဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးငြှိမ်းသတ်ရေးသရုပ်ပြလေ့ကျင့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ပုလောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့်   မြို့မဈေးသူ ဈေးသားများ တက်ရောက် ကြည်ရှုအားပေးခဲ့ကြပြီး မီးလောင်လျှင် အရေးပေါ်ဆက်သွယ်ရမည့် မီးသတိပြု စာတန်းများ မြို့မဈေးအတွင်း ကပ်နှံခဲ့ကြကြောင်း သိရသည်။

ထူးဝေယံ(ပြန်/ဆက်)