ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာ၌ မူခင်းကျဆင်းရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပုလော ၁၅  ဖေဖော်ဝါရီ    

 

ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာ၌ မူခင်းကျဆင်းရေးအသိပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီက ပုလောကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ဆွေးနွေးပွဲတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေးဆွေးနွေးပြီး၊ ရဲမှူး အေးကျော်မြင့်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာဆွေးနွေးခဲ့ပြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဆောင်ဆွေက ၂၀၁၈ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ပြင်ဆင်သည့် ဥပဒေများအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းချမ်းက မီးသတ်ဆေးဘူးအသုံးပြုနှင့် ပညာပေးဇာတ်လမ်းတိုများ ပြသပေးခဲ့သည်။

 

ထိုနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး မီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန်ဝေခဲ့သည်။

 

ထူးဝေယံ(ပြန်/ဆက်)

 

1.10