ပုလော ၄ ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ဟောင်ကောင် (World Vision) မှ လှူဒါန်းသော အလှူငွေအား မြန်မာနိုင်ငံ (World Vision)ရုံးမှ စီမံမှုဖြင့် ပုလောမြို့နယ် (World Vision) ရုံးမှတစ်ဆင့် ကျေးရွာများရှိ စာသင်ကျောင်းများတွင် ပညာသင်ယူနေသော ချို့တဲ့ကျောင်းသား၊ ကျောင်းသူများအား သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ် (World Vision)ရုံးမှ သွားရောက်လှူဒါန်းမည့် ကျေးရွာများမှာ မြဒေါင် ကျေးရွာတွင် အစီး (၂၀)၊ သစ်လှတောကျေးရွာတွင် (၁၂) စီး၊ မှော်ကြောင်းကျေးရွာတွင် (၂) စီး၊ သင်္ကန်းမော်ကျေးရွာတွင် (၂)စီး၊ သင်္ကန်းတောကျေးရွာတွင် (၄)စီး၊ လက္ကူကျေးရွာအုပ်စု၊ ပိတပ်ကျေးရွာတွင်(၂၆) စီး၊ ဒူရင်းပင်ရှင်ကျေးရွာတွင် (၁၀)စီး၊ ဆားခဲကျေးရွာတွင် (၆)စီး၊ ပဝတ်ဖျားကျေးရွာတွင် (၆)စီးနှင့် ရှပ်ပုံကျေးရွာတွင် (၂၁)စီးကို ကျောင်းသား၊ ကျောင်းသူများထံသို့ သွားရောက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သွားရောက်လှူဒါန်းမည့် ကျောင်းသား၊ ကျောင်းသူများသည် စာသင်ကျောင်းများသို့ (၁၀)မိုင်၊ (၈)မိုင်၊ (၆)မိုင်၊ (၄)မိုင် ခန့် နေစဉ်နေ့တိုင်း သွားရောက်နေသူများဖြစ်ကြောင်း ပုလောမြို့နယ် (World Vision)ရုံးမှ သိရှိရသည်။
ထူးဝေယံ(ပြန်/ဆက်)