ပုလော ဇန်နဝါရီ   ၃

 

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၆ နာရီက ပုလောမြို့နယ်၌ ကျင်းပကြောင်း သိရသည်။

 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်အပြေးပြိုင်ပွဲကို ပုလောမြို့နယ်ဌာန ဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ကျင်းပခဲ့ပြီး ပုလောမြို့မှ  ၅ မိုင်ခန့်ဝေးသည့် သစ်လှတောကျေးရွာမှ စတင်တာထွက်ပြီး ပုလောမြို့ မြို့နယ်ခန်းမရှေ့တွင် ပန်းဝင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီနီမာရသွန်အပြေးပြိုင်ပွဲတွင် ရပ်ကွက်/ ကျေးရွာများမှ အားကစားဝါသနာရှင် ၃၂ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို  ရှပ်ပုံကျေးရွာမှ မောင်ညီညီထွေး၊ ဒုတိယဆုကို အမှတ်(၂)ရပ်ကွက်မှ မောင်ဟိန်းမြတ်လင်း၊ တတိယဆုကို အမှတ်(၂) ရပ်ကွက်မှ မောင်ဘုန်းမြတ်အောင်တို့က ဆွတ်ခူးရရှိသည်။ ပထမဆု ငွေကျပ် (၇)သောင်း၊ ဒုတိယဆု ငွေကျပ် (၅)သောင်း၊ တတိယဆု ငွေကျပ် (၃)သောင်း ၊ နှစ်သိမ့်ဆု (၇)ဆုကို ငွေကျပ် (၁)သောင်းစီနှင့် ပန်းဝင်သူများကို ငွေကျပ် (၃)ထောင်စီ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

အေးအေးမော် (ပုလော)