ပုလော စက်တင်ဘာ    ၂၃        

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈) နှစ်ပြည့်ပြီးသူများကို ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm ကို  ယနေ့ နံနက် ၉ နာရီက ပုလော မြို့နယ် တောင်ယာကမ်းကျေးရွာ အထက(ခွဲ)ကျောင်းတွင်  စတင် ထိုးနှံ ပေးလျက်ရှိ ကြောင်း သိရသည်။

           

ယခုအခါ ပထမအကြိမ်တွင် ပုလောမြို့နယ်၌ ဆေးလုံးရေ ၂၁၆၀ လုံးရရှိပြီး ကိုဗစ် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈) နှစ်ပြည့်ပြီးသူများ ၆၃၀၀ ကို ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းနှင့် အလားတူ ဇရပ်ဆိပ်ကျေးရွာ ၊ အထက(ခွဲ) ကျောင်း၌လည်း ယနေ့နံနက် ၉ နာရီက ပထမ အကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အေးအေးမော် (ပုလော)