mdn

ပုလော   အောက်တိုဘာ   ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက် ၁၂ အထက် ကျောင်းသား ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး အစီအမံများကို အောက်တိုဘာ ၅ ရက် နံနက်ပိုင်းက ပုလောမြို့နယ်ခန်းမ၌ ဆွေးနွေးခဲ့သည်။

ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အထက(၉)၊ အထက−ခွဲ(၈)၊ အလက(၈)၊ အလက−ခွဲ(၁၅)၊ မူလွန် (၂၁) စုစုပေါင်း ၆၁ ကျောင်းရှိပြီး အထက်တန်းအဆင့်တွင် ၆၁၇ ဦး၊ အလယ်တန်း အဆင့်တွင် ၂၈၆၅ ဦး စုစုပေါင်း ၃၄၈၂ ဦးကို အုပ်စု ငါးစုခွဲ၍ သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အေးအေးမော်(ပုလော)