ပုလော နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကဒဲကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ် လ.ဝ.က ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် (၂)ဦး၊ အသက်(၁၈)နှစ်ပြည့် (၁၃)ဦး၊ လဲလှယ်(၆၃)ဦး၊ မိတ္တူ(၁၉)ဦး စုစုပေါင်း(၉၇)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)


