ပုလော ၁ အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အသွားအလာ ကန့်သတ်ထားရှိသူများထဲမှ ဓာတ်ခွဲ အတည်ပြုလူနာ ၉ ဦး အောက်တိုဘာ ၁ ရက်နေ့တွင် ကိုဗစ်−၁၉ ပိုးတွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဌာနမှှ သိရှိရသည်။

 

အဆိုပါ ပိုးတွေ့ ဓာတ်ခွဲလူနာ (၉)ဦးသည်  ပလမြို့ဇာဒီ ဘုန်းတော်ကြီးကျောင်းတွင် ကန့်သတ်ထားရှိသူ (၂) ဦး (ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူပြီး၊ ရန်ကုန်မြို့မှ ပုလောမြို့နယ်သို့  တောင်ဒဂုန်မြို့နယ် မိတ်ဆွေကောင်း နာရေးကူညီမှု အသင်းကား ယာဉ်မောင်း ဦးမောင်ဇော်ဖြင့် စက်တင်ဘာလ ၂၄  ရက်နေ့တွင် ပြန်လာရာ ပလမြို့ဇာဒီ ဘုန်းတော်ကြီးကျောင်းတွင် ကန့်သတ်ထားရှိကြောင်း)၊  ပလောက်မြို့ ကျောက်တောင် (အထက−ခွဲ) ၌ ကန့်သတ်ထားရှိသူ သံဃာ (၇) ပါး (ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ဇဗ္မူအေး ကျောင်းတိုက် သီရိမင်္ဂလာ (မွန်ကျောင်း) မှ အောင်စစ်ခိုင် မော်တော်ယာဉ် ယာဉ်မောင်း ဦးနေအောင်ဖြင့် စက်တင်ဘာ ၂၂  ရက်နေ့တွင် ရောက်ရှိလာပြီး ကန့်သတ် ထားရှိကြောင်း) နှင့် အဆိုပါ ပိုးတွေ့လူနာ (၉)ဦးကို မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ (မြို့နယ် Facility Quarantine) တွင် ပြောင်းရွေ့ထားရှိ၍ ဆေးကုသမှု ခံယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြည်သူ့ ကျန်းမာရေးဌာနမှှ သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)