ပုလော ၃ ဇန်နဝါရီ
ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု၊ သင်္ကန်းမော်ကျေးရွာတွင် ယနေ့ နံနက် ၂ နာရီခွဲခန့်က နေအိမ်အား မီးရှို့၍ မီးလောင်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သင်္ကန်းမော် ကျေးရွာနေ ဦးကျော်မင်းထွန်းသည် စိတ်ပေ့ါရူးသွပ်သူ တစ်ဦးဖြစ်ပြီး မိမိ၏ နေအိမ် အလျားပေ ၃၀ x အနံ ၂၇ ပေရှိ တစ်ထပ်တိုက် ဓနိမိုးကို မီးရှို့၍ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ရာ နေရာသို့ မြို့နယ် မီးငြိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁စီး၊ စုစုပေါင်း ၃ စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁၂)ဦး တို့ဖြင့် နံနက် ၃ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ်ခေါင်မိုးနှင့် အတွင်းပစ္စည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထူးဝေယံ(ပုလောပြန်/ဆက်)