ပုလော ၆   ဖေဖော်ဝါရီ           

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံဖြိုးရေး စီမံကိန်း (VDP) ကျေးရွာ (၂၀) မှ  ကျေးရွာ (၁၀) ရွာအား နှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် သင်တန်း (Annual Village Investment Plan) ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပုလောမြို့နယ်ရုံးတွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

 

23

 

သင်တန်းတွင် အငယ်တန်းအင်ဂျင်နီယာ-(၂) ဦးသိန်းဇင်က ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၏ အဓိက ရည်ရွယ်ချက်နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး အကြီးတန်းစာရေး ဒေါ်လှိုင်သွဲ့သွဲ့ က (VDP) ကျေးရွာကော်မတီမှ ငွေထုတ်ကိုယ်စားလှယ်များအား မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းရှင် ဖွင့်လှစ်ပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရေးလက်စွဲနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဖွံ့ဖြိုးရေး ရန်ပုံငွေ အစီအစဉ်ဆိုင်ရာ ပြင်ဆင်ရေးဆိုင်ရာ လက်စွဲစာအုပ်မှ နည်းလမ်းများကို ကျေးရွာ သင်တန်းသား၊ သင်တန်းသူ ၃၀ အား သင်တန်းပေးခြင်းများ ပြုလုပ်ခဲ့သည်။

 

ယင်း (VDP) ကျေးရွာများမှာ ဆားခဲ၊ သာယာကုန်း၊ ဘိုင်းပြင်၊ ကဒဲ၊ တောင်ယာကမ်း၊ ဘိုထောင်ဆိပ်၊ ကြဲ၊ တောင်ပုလဲ၊ လက္ကူးကျေးရွာနှင့် ရာဇဂြိုလ်ကျေးရွာများဖြစ်ပြီး အဆိုပါ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း သင်တန်းကို အပိုင်း(၃)ပိုင်းအဖြစ် သင်ကြားခဲ့ပြီး ကျန်ရှိနေသာ (VDP) ကျေးရွာအား ဆက်လက် သင်တန်းပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဦးစီးဌာန၊ ပုလောမြို့နယ်ရုံးမှ သိရသည်။

 

ထူးဝေယံ(ပြန်/ဆက်)