ပုလော    ၁၆    သြဂုတ်


ပုလောမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုလောကုန်းကျေးရွာအုပ်စုနှင့် ပုလောဖျားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချို့ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာမှ ရေများကျသွားပြီးဖြစ်၍ လူနေအိမ်များ၊ သောက်သုံးရေကန်များ၊ စာသင်ကျောင်းများ၊ ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များ သန့်ရှင်းခြင်းကို သြဂုတ်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထို့သို့ ဆောင်ရွက်ရာတွင် ပုလောမြို့နယ် သဘာဝဘေးအန္တရာယ် တားဆီးရေးကော်မတီဝင်များ၊ ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အဆိုပါ ကျေးရွာများရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ သောက်ရေတွင်းများ ရေစုပ်စက်များဖြင့် စုပ်ထုတ်၍  ကလိုရင်း ဆေးများ ခပ်ပေးခြင်းများ စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေသခံပြည်သူများ မိမိတို့ နေအိမ်များသို့ ပြန်လည်ရောက်ရှိ နေထိုင်လျက်ရှိကြောင်းနှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။


MDN