ရန်ကုန် ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလေးငယ်များအား ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါအားလုံး ဖြစ်ပွားသေဆုံးမှုများ လျော့နည်းပပျောက်စေရန် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဖြင့် (၉၀)ရာခိုင်နှုန်းအထက် လွှမ်းခြုံမှုရရှိရန် ကြိုးပမ်းလျက်ရှိရာ ၂၀၂၀ ပြည့်နှစ်တွင် ကာကွယ်ဆေးနှစ်မျိုးဖြစ်သော ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတို့ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထိုးနှံရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံက် နာရီက ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသော ပုံမှန်တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများ ပိုမိုအားကောင်းစေရန် တိုင်းဒေသကြီးအဆင့် အသိပေးဆွေးနွေးပွဲမှ သိရသည်။

 

နှစ်စဉ်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကာကွယ်ဆေးမရရှိသော ကလေးငယ်များ ကျန်ရှိပြီး စုပုံလာခြင်းကြောင့် ()နှစ်မှ ()နှစ်လျှင်တစ်ကြိမ် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ကပ်အသွင်ဖြစ်ပွားတတ်ရာ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများကို ကာကွယ်နိုင်ခြင်းကြောင့် မိသားစုတို့၏ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးတက်အောင်မြင်စေရန် နိုင်ငံတော်မှ ပြည်သူ့ကျန်းမာရေးကဏ္ဍကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများပြားခြင်း၊ ရွှေ့ပြောင်းနေထိုင်မှု များပြားခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် စိန်ခေါ်မှုများစွာရှိနေ၍ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း လုပ်ဆောင်ရာတွင်လည်း အဟန့်အတားများအဖြစ် ကြုံတွေ့နေရကြောင်း သိရှိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု ရာနှုန်းပြည့်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်မှုသည် အထူးအရေးကြီးကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းပြီး မိမိတို့ရင်သွေးငယ်များ ရရှိသော ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံတိုက်ကျွေးနိုင်စေရန် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြရန်ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

 

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ နှစ်စဉ်မွေးဖွားလျက်ရှိသော အသက်()နှစ်()လအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် ရောဂါ(၁၁)မျိုးအတွက် ကာကွယ်ဆေးများဖြစ်သော ပြင်းထန်တီဘီရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အသား(ဝါဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ မွေးကင်းစကလေး မေးခိုင်ရောဂါနှင့် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ဖြစ်ပွားသေဆုံးမှုကိုလည်း လျော့ချပေးလျက်ရှိသည်။

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် Rota Virus ကြောင့် ဖြစ်ပွားသော ဝမ်းပျက်/ဝမ်းလျှောရောဂါအတွက် ကာကွယ်ဆေးနှင့် နှစ်လယ်ပိုင်းတွင် အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး(၁၁)မျိုး ထိုးနှံသောအချိန်တွင် ထည့်သွင်းထိုးနှံရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန်ကဝက်သက်နဲ့ ဂျိုက်သိုး အပါအဝင် ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ရောဂါတွေ ဖြစ်ပွားမှုကြောင့် သေဆုံးမှုလျော့နည်းဖို့နဲ့ ()နှစ်အောက်ကလေး သေဆုံးမှုကို ထပ်မံလျော့ချဖို့ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစဉ်တွေကို အသိပေးဆွေးနွေးတာပါ။ ရောဂါ(၁၁)မျိုးအပြင် ၂၀၂၀ ပြည့်နှစ်မှာ ရောဂါနှစ်မျိုးဖြစ်တဲ့ ဝမ်းပျက်၀မ်းလျှောရောဂါ ကာကွယ်ဆေးနဲ့ ဇူလိုင်လမှာ မြန်မာနိုင်ငံမှာ အမျိုးသမီးများ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အမျိုးသမီးငယ်လေးတွေကို စတင်ထိုးနှံပေးဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါ(၁၃)မျိုးကို ကာကွယ်နိုင်တဲ့ လုပ်ငန်းကို ဆောင်ရွက်နိုင်ပါပြီဟု ပြောသည်။

 

ယနေ့ကျင်းပသော တိုင်းဒေသကြီးအဆင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအားကောင်းစေရန် အသိပေးဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်အောင်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ကာကွယ်ဆေးထိုးအ ခြပြုဆေးရုံများမှ ဆေးရုံအုပ်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

 

ဓာတ်ပုံ - သန်းစိုး - သန်းထိုက်