မန္တလေး ၁ ဇွန်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးမှ COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများအား ဧပြီ ၁ ရက်မှစတင်၍ ရပ်ဆိုင်းခဲ့ရာမှ ယခုအခါ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် လုပ်ငန်းများကို ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် ၂ လအရွယ် ကလေးငယ်မှ အသက် ၁ နှစ်ခွဲ အရွယ်အထိ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်၌ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ရမည့် ကလေးငယ် (၄၉၅) ဦးရှိပြီး၊ အကွက်အမှတ်များခွဲကာ တစ်ပတ်လျှင် (၅)ရက်ဖြင့် ရက်သတ္တပတ်(၂)ပတ် ဆက်တိုက်ထိုးနှံပေးသွားမှာဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးနေစဉ် မိခင်နှင့် ကလေးကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#MRTV


