ကမမောင်း ၂၈  ဇွန်

 

   

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ​မောင်းမြို့အတွင်းရှိ မြို့ပေါ်(၄)ရပ်ကွက်၌ ထောက်ပံ့ရန် ကျန်ရှိသည့် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော အခြေခံ စားသောက်ကုန် (၅) မျိုးအတွက် ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ (၁၀) နာရီတွင် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသန့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့သည်။
      

 

အခြေခံစား​သောက်ကုန် ပစ္စည်း(၅)မျိုးအတွက် ထောက်ပံ့ရန် ကျန်ရှိသော အမှတ် (၂) ရပ်ကွက်၌ အိမ်ထောင်စု (၃၀)၊ အမှတ် (၃) ရပ်ကွက်၌ အိမ်ထောင်စု (၃၀)၊ အမှတ်(၄)ရပ်ကွက်၌ အိမ်​ထောင်စု (၅၃) စု၊ စုစုပေါင်း (၁၁၃) အိမ်ထောင်စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေ (၁၅၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၆၉၅၀၀၀) ကို ကူညီထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
 

                                                               

လင်းသန့်(ပြန်/ဆက်)