ကော့မှူး ၁၂ ဧပြီ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် အားကစားခန်းမတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးမည့် အခြေခံ စားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်များ ယနေ့ စတင်ရောက်ရှိပြီဖြစ်ရာ ပြည်သူများ လက်ဝယ်ရောက်ရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်()ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲတစ်ပိဿာ၊ ကြက်သွန်တစ်ပိဿာ စုစုပေါင်း ကူညီထောက်ပံ့မှု () မျိုးစီကို နိုင်ငံတော်မှ ဖြန့်ဖြူးထောက်ပံ့ပေးမည်ဖြစ်ရာ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ပြည်သူများ၏ လက်ထဲအရောက် အမြန်ဆုံးပေးအပ်သွားနိုင်ရေး ရပ်ကွက်၊ ကျေးရွာအလိုက် စနစ်တကျ ထုတ်ပေးခြင်း များကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်ဆင့် လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကော့မှူးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် () ခုနှင့် ကျေးရွာအုပ်စု (၅၅) အုပ်စု ကျေးရွာပေါင်း (၁၂၆) ရွာ အိမ်ထောင်စု ၃၃၀၆၁ စုရှိရာ ကောက်ခံရရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု   ၂၄၉၁၅ စုရှိပြီး အိမ်ထောင်စုဝင် လူဦးရေပေါင်း ၁၀၀၀၉၉ ဦးရှိကြောင်း သိရသည်။

 

မောင်အေးချမ်း

mdn