ရန်ကုန် ၁၁ ဧပြီ

 

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ မဟာသင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု (၁)စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ  စုစုပေါင်းကူညီမှု (၅)မျိုးစီကို ဧပြီ ၁၀ ရက်မှစတင်၍ အခမဲ့ဖြန့်ဖြူး ထောက်ပံ့ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၅) မြို့နယ်၌ အိမ်ထောင်စုပေါင်း(၆၈၀၂၂၇)စုရှိရာ ဧပြီ ၁၁ ရက်အထိ မြို့နယ်(၁၄)မြို့နယ်ရှိ အိမ်ထောင်စု ပေါင်း(၃၁၁၇၄)စုအား ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်