သရက်ချောင်း ၁၆ ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် မယ်ကဲ ကျေးရွာ၊ သဲချောင်းကြီးကျေးရွာနှင့် စုံစင်ကျေးရွာများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ဧပြီ ၁၅ ရက်နေ့က ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှထောက်ပံ့ပေးသော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့်ကြက်သွန်များကို ကွင်းဆင်းပေးအပ်ခဲ့သည်။

 

ထိုသို့ ကွင်းဆင်းပေးအပ်သည့် နေရာများတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထိုက် နှင့်အတူ မြို့နယ်အဆင့် ကော်မတီဝင်များက ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ အသိပညာပေးပိုစတာ စာစောင်များဖြန့်ဝေပေးခြင်း၊ မိမိတို့ရပ်ကွက်/ ကျေးရွာများတွင် ပြည်တွင်း/ပြည်ပမှရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားပေးကြရန်နှင့် မိမိတို့ကျေးရွာအတွင်း လူစုလူဝေးများရှိသည့် နေရာများကို  အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွား လာရမည်ဆိုပါကလည်း လက်ကိုစင်ကြယ်စွာ ဆေးကြောပြီး နှာခေါင်းစည်းကိုတပ်ဆင်ပြီးမှသာ သွားလာကြရန် အသိပညာပေးပြောကြားခဲ့သည်။ 

 

အဆိုပါ ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု(၁၁၉၉)စု အတွက်ကို ဆန်(၉၅၉၂)ပြည်နှင့် ကြက် သွန်နီ(၁၁၉၉)ပိဿာအား တာဝန်ရှိသူများက အခြေခံလူတန်းစားများလက်ဝယ်သို့ အရောက်ဖြန့် ဝေပေးအပ်ခဲ့ပြီး ကျန်ရှိသည့် စားသောက်ကုန်များဖြစ်သည့် ဆီ၊ ဆားနှင့် ပဲ တို့ကို မြို့နယ်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

သရက်ချောင်း(ပြန်/ဆက်)

 

mdn