နေပြည်တော် ၁၃ စက်တင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဉပဒေထွက်ရှိသည့် (၁၀-၁၀-၂၀၁၄) ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြု ပေးခဲ့သည်။
အသိအမှတ်ပြုလက်မှတ်သက်တမ်းကုန်ဆုံးပါက နည်းဉပဒေ ၂၁ အရ သက်တမ်းကုန်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေ ကျပ်တစ်သောင်းပေးသွင်း၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလက်မှတ်အသစ်လဲလှယ်ရန် လာရောက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
သက်တမ်းကုန်လွန်သော အသိအမှတ်ပြုလက်မှတ်များဖြင့် လုပ်ငန်းဆက်လုပ်ကိုင်ခွင့်မရှိကြောင်း အသိပေးကြေညာ အပ်ပါသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ဝ၁-၅၄၁၄၁၃၊ ဝ၁-၅၄၄၅၈၂၊ ဝ၁-၅၄၄၅၈၃ [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်


