ပုဏ္ဏားကျွန်း၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား ယနေ့ ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
ထိုသို့ သတိပေးကြေညာရာတွင် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ၍ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနေပြီး အဆိုပါမုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားရှိကြောင်း၊ မတ် ၂၂ ရက် ညနေပိုင်းတွင် ရခိုင်ကမ်းရိုးတန်းသို့လည်းကောင်း ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မြို့ပေါ်ရပ်ကွက်အတွင်းသို့ လှည့်လည်ကြေညာခဲ့သည်။
နီထွန်းအောင်(ပြန်/ဆက်)


