ပုဏ္ဏားကျွန်း အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)တွင် မိုးရွာသွန်းမှုကြောင့် ရိုးရာအစဉ်လာမ ပျက်ကျင်းပသည့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို အောက်တိုဘာ ၂၂ ရက် ညပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်၊ မြို့ပတ်လမ်းတွင် ကျင်းပခဲ့သည်။
ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် စံပြရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ အလယ်စုရပ်ကွက်များနှင့် လမ်းအချို့တို့တွင် အုန်းနို့ခေါက်ဆွဲ၊ ကြာဆံဟင်းခါး၊ ရခိုင်မုန့်တီ အာပူလျှာပူနှင့် မုန့်ဟင်းခါးတို့ကို ရပ်ကွက်နေ ပြည်သူများ၊ လူပျို၊ အပျိုများ၊ လုပ်ငန်းရှင်များက အသင်းအဖွဲ့အလိုက်သော် လည်းကောင်း၊ တစ်ဦးချင်းသော် လည်းကောင်း စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)


