ပုဏ္ဏားကျွန်း မေ ၂၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် မေ ၂၄ ရက် နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဦးစွာ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်း ဆရာတော်ကြီးထံမှ ဩဝါဒခံယူပြီး ပုဏ္ဏားကျွန်းမြို့နယ်အတွက် နိုင်ငံတော်အစိုးရထံမှ ထောက်ပံ့လှူဒါန်းငွေနှင့် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့မှ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၉၈ ကျောင်းနှင့် သာသနာ့နွယ်ဝင် သီလရှင်ကျောင်း နှစ်ကျောင်းသို့ နိုင်ငံတော်အစိုးရထံမှ ထောက်ပံ့လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ အား တစ်ကျောင်းလျှင် ငွေကျပ် ငါးသောင်းနှုန်းဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့က လှူဒါန်းသည့် ဆွမ်းဆန်တော် တစ်အိတ်၊ စားဆီသန့် တစ်ဖာနှင့် ခေါက်ဆွဲခြောက်များကို မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်း၊ ရွှေတောင်တန်းကျောင်း၊ ပညာပါရမီကျောင်း၊ ခေမာရမကျောင်းနှင့် မြို့ဦးကျောင်းတိုက်များသို့ သွားရောက်၍ ဖူးမြော်ကြည်ညိုကာ ဆက်ကပ်လှူဒါန်းခဲ့သည်။
နီထွန်းအောင်(ပြန်/ဆက်)