ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအား ကယ်ဆယ်ပစ္စည်းများ ဖြန့်ဝေထောက်ပံ့

ပုဏ္ဏားကျွန်း ဇွန် ၄

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုများသို့ သွားရောက်၍ စနစ်တကျ ဖြန့်ဝေထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် စားနပ်ရိက္ခာ ဆန်နှင့်စားဆီ၊ ခေါက်ဆွဲခြောက်၊ ငါးစည်ဘူး၊ အိမ်မိုးသွပ်ပြား၊ မိုးသံ၊ စောင်၊ တာပေါ်လင်စနှင့် အဝတ်အထည်များ စသည့် ကယ်ဆယ်ရေးပစ္စည်း (၁၄)မျိုးတို့ကို မုန်တိုင်းဒဏ်သင့် ကျေးရွာအုပ်စုများသို့ စနစ်တကျ ဖြန့်ဝေပေးထောက်ပံ့ပေးခဲ့သည်။

 

mdn

 

ဆက်လက်၍ တာဝန်ရှိသူသည် ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား စားနပ်ရိက္ခာနှင့် ကယ်ဆယ်ပစ္စည်းများ ထောက်ပံ့ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်အတွင်းရှိ မုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄၅၀)ဆောင် လုံးဝပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် (၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ မုန်တိုင်းဒဏ်သင့် ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)