ပုံပါကျင်   ဒီဇင်ဘာ ၁၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပန်းချီဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါပြိုင်ပွဲကို ကျောင်းသား ကျောင်းသူများအား ပန်းချီစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများ တိုးပွားလာ‌စေရန် ရည်ရွယ်၍ ပန်းချီဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပန်းချီရေးဆွဲပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်ဆက်)