ပုပ္ပားဒေသထွက် နဂါးမောက်သီးများလှိုင်လှိုင်ပေါ်ချိန် တစ်ကီလို ၁၀ဝ၀ ကျပ်ရောင်းချနေရခြင်းကြောင့် နဂါးမောက်စိုက်တောင်သူများ တွက်ခြေကိုက်နေ

ကျောက်ပန်းတောင်း   ၃   ဩဂုတ်  

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားပတ်ဝန်းကျင်ကျေးရွာများ နဂါးမောက်သီးလှိုင်လှိုင်ပေါ်ချိန် တစ်ကီလို တစ်ထောင်ကျပ်ဈေးဖြင့် ရောင်းချနေရသောကြောင့် တွက်ခြေကိုက်နေကြကြောင်းသိ နဂါးမောက်သီး စိုက်ပျိုးသည့် တောင်သူများထံက သိရသည်။

 

အဆိုပါ နဂါးမောက်သီးပင်များအား ပုပ္ပားပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆည်ပေါက်ရွာ၊ ပုပ္ပားလွင်ကျေးရွာ၊ ဆည်ကျေးရွာ၊ နဂါးလည်ကျေးရွာ၊ ဆင်ဆင်းရွာ၊ ဆုံကုန်းရွာနှင့် လဲဂွကျေးရွာများတို့တွင် အများအပြားစိုက်ပျိုးကြကာ ဝါဆိုလ နဂါးမောက်သီးပေါ်ချိန် တစ်ကီလို   ၁၀ဝ၀  ကျပ်ဈေးဖြင့် ရောင်းချနေရခြင်းကြောင့် နဂါးမောက်စိုက်တောင်သူများတွက် ခြေကိုက်နေကြကြောင်း နဂါးလည်ရွာနဂါးမောက်စိုက်ပျိုး ရောင်းချနေသည့် ဦးအောင်ဝင်းက ပြောပြသည်။ ကျွန်တော်တို့ နဂါးမောက်ပင်များကို ယာမြေသန့်စင်ကာ မြေအောက်ရေ(သို့မဟုတ်) ရေထွက်များမှရေဖြင့် စိုက်ပျိုးကြကြောင်း တစ်နှစ်ကျော်မှစတင်ကာ အဖူးစတင်ဖူးကြောင်း များသောအားဖြင့် နယုန်လတွင် အဖူးစတင်ဖူးပွင့်ကြောင်း ဝါဆိုလတွင် နဂါးမောက်သီးသီးကာ ပထမအသုတ် ဈေးပိုရတတ်ကြောင်း၊ ဒုတိယအသုတ်အပွင့်ပွင့်သီးချိန်တွင် ဈေးနှုန်း တစ်ကီလို  ၁၀ဝ၀ ကျပ်ထက်မလျော့သောကြောင့်  နဂါးမောက်စိုက်တောင်သူများ တွက်ခြကိုက်ကြကြောင်း ဦးအောင်ဝင်းက ပြောပြသည်။


    
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း