ကျောက်ပန်းတောင်း  ၁၄  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ဝန်းရှိ ဒေသခံကျေးရွာများ/ဒေသခံပြည်သူအခြေပြု အခြေခံခရီးသွားလုပ်ငန်း အခွင့်အလမ်းဖော်ထုတ်ခြင်း (မြို့နယ်အဆင့်)အကြံပြုဆွေးနွေးပွဲ အခမ်းအနားအား ဇန်နဝါရီ ၁၃ရက်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာရီထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေခန်းမတွင် ဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ ပုပ္ပားတောင်ဥယျာဉ် (ခေတ္တ)အုပ်ချုပ်ရေးမှူးဦးလှမြင့်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊ တောအုပ်ကြီး ဦးဇော်လင်းနှင့်တောအုပ်ကြီး ဒေါ်ခင်မျိုးထွေးတို့က ဒေသခံပြည်သူအခြေပြုသဘာဝ အခြေခံခရီးသွားလုပ်ငန်း အခွင့်အလမ်း ဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုင်းအောင်မြတ်တို့မှ ခရီးသွားလုပ်ငန်း အခွင့်အလမ်းဖော်ထုတ်ခြင်းနှင့် ပုပ္ပားပတ်ဝန်းကျင်ဒေသခံပြည်သူများ၏ အကြံပြုဆွေးနွေးချက်များအား အပြန်အလှန်ဆွေးနွေးကြကာ အခြေခံခရီးသွားလုပ်ငန်း(မြို့နယ်အဆင့်)အကြံပြုဆွေးနွေးပွဲအား ညနေ ၄နာရီတွင် ရုပ်သိမ်းကြောင်း သိရသည်။

 

မြင့်ကေခိုင်၊ပြန်/ဆက်