ကျောက်ပန်းတောင်း ၄ ဩဂုတ်


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် တောင်ကလပ်ဂေါပကအဖွဲ့၏ ဉီးဆောင်မှုဖြင့် အမှိုက်ကောက်လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဩဂုတ် ၄ ရက် နံနက် ၈ နာရီက စတင်ဆောင်ရွက်ခဲ့ကြသည်။


စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့ဉက္ကဋ္ဌ ဦးသာအေးနှင့်အဖွဲ့ဝင်များက ဉီးဆောင်၍ တောင်ကလပ်ဈေးသည်များဖြစ်သည့် ပန်းသည်များ၊ မျောက်စာသည်များ၊ အုန်း/ငှက်ပျောကန်တော့ပွဲဈေးသည်များ စုပေါင်းကာ ပုပ္ပားတောင်ကလပ် နဂါစောင်းတန်းနှင့် တောင်ကလပ်ခြေတစ်လျှောက်ရှိ စွန့်ပစ်အမှိုက်များနှင့် ပလတ်စတစ်စအမှိုက်များကို သိမ်းဆည်းရှင်းလင်းခဲ့ကြကာ အမှိုက်သယ်ယာဉ်ဖြင့် သတ်မှတ်အမှိုက်ကျင်းသို့ စနစ်တကျ စွန့်ပစ်ခဲ့ကြသည်။
ယနေ့ဆောင်ရွက်မှုသည် တတိယနေ့ဖြစ်ပြီး နောက်ထပ်(၃)ရက်တိုင် နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စုပေါင်းအမှိုက်ကောက်ပွဲတွင် တောင်ကလပ်ဂေါပကအဖွဲ့နှင့် ဈေးသည်များစုစုပေါင်း (၁၀ဝ)ဉီး ပါဝင်ခဲ့ကြကြောင်း သိရသည်။


နေအောင်(ပြန်/ဆက်) 

 

1