၅ ဖေဖော်ဝါရီ


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အစ္စလာမ်ဘာသာဝင်များ အစပြုမွေးဖွားရာ အာရေဗျကျွန်းဆွယ်သို့ သွားရောက် လည်ပတ်သည့် ပထမဆုံး ပုပ်ရဟန်းမင်းကြီးတစ်ပါး ဖြစ်လာခဲ့သည်။


ပုပ်ရဟန်းမင်းကြီးသည် အာရပ်စော်ဘွားများပြည်ထောင်စုသို့ သုံးရက်ကြာ သွားရောက်လည်ပတ်လျက်ရှိသည်။ ၎င်းသည် ယမန်နေ့က ဒေသခံဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။


ယီမင်နှင့် ဆီးရီးယားနိုင်ငံများအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများအတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ပုပ်ရဟန်းမင်းကြီးသည် ပန်ကြားခဲ့သည်။


အကြမ်းဖက်မှုကို ဘာသာရေးအမည်ခံ၍ တရားမျှတအောင် လုပ်ဆောင်၍မရနိုင်ကြောင်း၊ ဘာသာရေးခေါင်း ဆောင်အားလုံးက  ကမ္ဘာပေါ်တွင် စစ်ပွဲများမဖြစ်ပွားအောင် ဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း ၎င်းကဆို သည်။  

 

mdn


ဘာသာတရားနှင့် ဂိုဏ်းဏ္ဍအသီးသီးကြား တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် လိုအပ်ကြောင်း၊ ပူးပေါင်းဆောင် ရွက်မှုမရှိပါက အနာဂတ်လည်းမရှိပါကြောင်း ဖရန်စစ်က ပြောကြားသည်။


အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုတွင် ခရစ်ယာန်ဘာသာဝင် တစ်သန်းနီးပါး နေထိုင်ကြသည်ဟု ယူဆရသည်။ ၎င်းတို့ထဲတွင် ဖိလစ်ပိုင်နိုင်ငံနှင့် အခြားတိုင်းပြည်များမှ ရွေ့ ပြောင်းအလုပ်သမားများလည်း ပါဝင်ကြသည်။


အရှေ့အလယ်ပိုင်းဒေသတွင် နေထိုင်သော ခရစ်ယာန်ဘာသာဝင်များ၏ အခြေအနေများ တိုးတက်ကောင်းမွန် ရေးအတွက် အစ္စလမ်ဘာသာဝင်များနှင့် နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်ရန် အာရေဗျကျွန်းဆွယ်သို့  ပုပ်ရဟန်းမင်းကြီးသည် ပထမဆုံး သွားရောက်ခြင်းဖြစ်သည်။


ပုပ်ရဟန်းမင်းကြီးသည် လူပေါင်း ၁၃၀ဝ၀ဝ ခန့်တက်ရောက်မည်ဟု မျှော်မှန်းရသော ကြီးမားသော ဝတ်ပြုဆု တောင်းပွဲတစ်ခုကို အင်္ဂါနေ့တွင် ပြုလုပ်ရန်  စီစဉ်ထားသည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn