ပုရစ်လုပ်ငန်းလုပ်ကိုင်သူနှင့် အငှါးလုပ်ကိုင်သူများ ဝင်ငွေကောင်း

ဖောင်းပြင်   ၁၈   ‌အောက်တိုဘာ

 

ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာရှိ ဒေသအခေါ်(ပုရစ်)လုပ်ငန်းလုပ်ကိုင်သူ ကုန်သည်များနှင့် အငှါးလုပ်ကိုင်သူများ ဝင်ငွေကောင်းရရှိကာ စီးပွားရေးနှင့် စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရသည်။

 

 

 

ပိုးစာကုန်းကျေးရွာတွင် အိမ်ခြေ (၄၈၀)ခန့်ရှိပြီး ပုရစ်လုပ်ငန်းလုပ်ကိုင်သူ ကုန်သည်(၃၀)ဦးခန့်ရှိကာ ပုရစ်လုပ်ငန်းကြောင့် စီးပွားရေးအဆင်ပြေနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

 

1

 

 

"ပုရစ်တွေကို မြို့နယ်အတွင်းကျေးရွာအတော်များများမှာတော့ဖမ်းကြတာပဲ၊ ဟုမ္မလင်းမြို့နယ်ဘက်ကလည်းဖမ်းကြတယ်၊ အခုပေါက်ဈေးက ပုရစ်တစ်ပြည်ကို ငွေကျပ် (၉၅၀ဝ) ရှိပါတယ်၊ ဒါကတော့ကျွန်မတို့ ကုန်သည်ဝယ်ဈေးပါ အငှါးလုပ်ကိုင်သူတွေကိုတော့ အကောင်ရေ(၂၂၀)ပါတဲ့ အထုပ်တစ်ထုပ်ကို ငါးဆယ်ပေးတယ် တစ်နေကုန်လုပ်တဲ့ အငှါးတွေကတော့ တစ်သောင်းဝန်းကျင်ရကြပါတယ် ကျွန်မတို့အဲ့ဒီပုရစ်တွေကို မန္တလေးတို့ မုံရွလေးတို့ကိုပို့တာပါ အကောင်ရေ ၂၅၀ ပါတဲ့ အထုပ်တစ်ထုပ်ကို (၅၀ဝ)ဝန်းကျင်တော့မြတ်ပါတယ်"လို့ ပရစ်လုပ်ငန်းလုပ်ကိုင်သူ ကုန်သည်တစ်ဦးက ပြောကြား၍ သိရသည်။

 

 

(မြို့နယ်ပြန်/ဆက်)