နေပြည်တော် ၁၅ ဇူလိုင်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုက ပုသိမ်-မုံရွာလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၀၅ နှင့် ၂၀၆ အကြား လမ်းအလိမ်အကွေ့အဆင်းမှာ အန္တရာယ်ကွေ့ဖြစ်နေသည့်အတွက် ယာဉ်များ အဆင်ပြေပြေ သွားလာနိုင်ရေးနှင့် အန္တရာယ်လျော့နည်းစေရေး အတွက် မည်သို့စီမံပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးကျော်လင်းက ပုသိမ်-မုံရွာလမ်းမကြီး၏ မိုင်တိုင်အမှတ် (၂၀၅/၂)နဲ့ (၂၀၅/၅)ကြားရှိ လမ်းကွေ့သည် ယာဉ်တိုက်ခိုက်မှု အများဆုံး Blood Sport ဖြစ်နေသည့် အနေအထားဖြစ်ပါကြောင်း၊
၎င်းအပိုင်းသည် မူလက ကျဉ်းနေသည့်လမ်းပိုင်းဖြစ်သောကြောင့် အစိုးရသစ် သုံးနှစ်တာကာလအတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၁၈ ပေ အကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ထားခဲ့ပါကြောင်း၊ သို့သော်လည်း ယာဉ်အန္တရာယ်များသည် အမြဲမပြတ်ဖြစ်နေပါကြောင်း၊
မိမိတို့အနေဖြင့် သွားရောက်စစ်ဆေးသည့်အခါ လမ်းပုခုံးများ နိမ့်ကျနေသည့်အတွက် နိမ့်ကျနေသည့် လမ်းပုခုံး များကို ဖြည့်ပြီး ဖြည့်ကြိတ်ထားရန်၊ နောက်တစ်ကြိမ် Car Rail များ ကာရန် လုပ်ထားပြီးဖြစ်သော်လည်း ယာဉ်တိုက်မှုသည် လျော့တော့လျော့သွားပါကြောင်း၊ သို့သော်လည်း အန္တရာယ် ရှိနေသေးသည့်အတွက် လာမည့် ၁၉.၇.၂၀၁၉၊ ၂၀.၇.၂၀၁၉၊ ၂၁.၇.၂၀၁၉ ပိတ်ရက်သုံးရက်တွင် သွားရောက်၍ သေချာစိစစ်ပြီး ထပ်မံလိုအပ်သည့် Road Sailing နှင့်ပတ်သက်သည့်အချက် ကိစ္စများဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MDN
Photo Credit.ပြည်သူ့လွှတ်တော် FB page