ကျောင်းကုန်း ၉ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မိုးစပါးများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက်ရေးလုပ်ငန်းများ အခက်အခဲမရှိစေရန် ကျောင်းကုန်းမြို့ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၉)စက်မှုလယ်ယာစခန်းမှ ဒိုးတန်းအုပ်စု၊ ဖျံတွင်းကျေးရွာတွင် မေလဆန်းကစ၍ ရွေ့လျားစခန်းဖွင့်လှစ်ကာ ထွန်ယက်ရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ဌာနပိုင် KUBOTA 47/50 ထွန်စက်ကြီးများဖြင့် မိုးစပါးသီးနှံများ စိုက်ပျိုးနိုင်ရေး၊ မြေယာပြုပြင်ထွန်ယက်ရေး လုပ်ငန်းများကို ဇွန်လကုန်အထိ ဆက်လက်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ငွေကျပ် (၇၅၀၀)ဖြင့် ဆောင်ရွက်ပေးခဲ့သော်လည်း ယခု ကိုဗစ်-၁၉ ကာလအတွင်း တစ်ဧကလျှင် ၆၅၀၀ ကျပ်ဖြင့် ထွန်ယက်ပေးကြောင်း၊ မနှစ်က တစ်မြို့နယ်လုံး ဧက တစ်သောင်းခွဲထွန်ယက်ပေးနိုင်ခဲ့ပြီး၊ ယခုနှစ်တွင် ဧက ကိုးထောင်ခန့် ထွန်ယက်ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဦးစီးဌာနမှူး ဦးရဲထွန်း ကပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)


