ရေကြည်   ၁၄    ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့၌ စာပေချစ်မြတ်နိုးသူများ ဦးဆောင်၍ မျိုးဆက်သစ်လူငယ်များ ဗဟုသုတကြွယ်ဝစေရန်နှင့် စာပေကိုလေ့လာလိုက်စားလိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာပေဟောပြောပွဲကို ဇန်နဝါရီ (၁၈)ရက် ည (၈) နာရီအချိန်တွင် ရေကြည်မြို့ ပြည်သူ့ဆောက်လုပ်ရေးရုံးရှေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာပေဟောပြောပွဲတွင် ဟောပြောမည့်စာရေးဆရာများမှာ မောင်စိန်ဝင်း (ပုတီးကုန်း)နှင့် စာရေးဆရာမ ဂျူး တို့က စာပေဟောပြောမည်ဖြစ်ကြောင်း သိရသည်။

 

အောင်သူဟန် (ပြန်/ဆက်)