ရေကြည်   ၆ သြဂုတ်


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့တွင် သြဂုတ် ၅ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


သစ်ပင်လဲကျမှုကြောင့် နေအိမ်နောက်ဘက်ခြမ်းနှင့် အမိုးများ ပျက်စီးခဲ့ပြီး နေအိမ်ပေါ်ရှိ ဒေါ်မျိုးသန္တာဝင်းနှင့် သားဖြစ်သူ မောင်ထက်ဝေယံတို့တွင် ပွန်းပဲဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။


လက်ရှိတွင် ပျက်စီးဆုံးရှုံးသည့်နေအိမ်မှ မိသားစုဝင်များအား ဆွေမျိုးများ၏ နေအိမ်တွင် ယာယီပြောင်းရွေ့ နေထိုင်လျက်ရှိပြီး ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အောင်သူဟန် (ပြန်/ဆက်)

 

1