နေပြည်တော် ၁၅ ဇွန်
မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၁၄ ရက် ညနေ ၆ နာရီက ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပြင်ဦးလွင်-မန္တလေး ကားလမ်းတွင် စိုင်းအောင်မိန်း မောင်းနှင်ပြီး အိုက်ငို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းတို့ ၂ ဦးကြားရှိ ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက် ၆၆ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၆၆၀ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားတို့ကိုလည်းကောင်း၊
ထို့အတူ ယင်းနေ့ ညနေ ၄ နာရီက ကျေးသီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျေးသီးမြို့နယ်၊ မြို့အထွက်လမ်းတွင် မနန်းထွေးဦး မောင်းနှင်သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၂၅၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၆နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုးကုတ်-မိုးမိတ်သွားကားလမ်းတွင် အောင်မိုင် မောင်းနှင်ပြီး ဂွန်းလာ(ခ) မာဂွန် လိုက်ပါလာသည့် TOYOTA KLUGER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်၏ကြမ်းခင်းအံဝှက်အတွင်းမှ ဘိန်းဖြူ ၈၈၀ ဂရမ်နှင့် မြန်မာငွေ ကျပ် ၄၆၀,ဝ၀ဝ တို့ကိုလည်းကောင်း၊
ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ လဲသက်ကျေးရွာနေ လုံးလိတ်၏ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ အိပ်ခန်းရှိရေခဲပုံးအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၅,၉၆၀ ကိုလည်းကောင်း၊
ထို့အတူ ယင်းနေ့ ညနေ ၆ နာရီက မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စာသင်ကျောင်းလမ်းရှိ ရန်ရီကျုံး ၏နေအိမ်ကိုဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ နောင်လအောင် အားတွေ့ရှိရပြီး နေအိမ်အပေါ်ထပ်ရှိ ရေတိုင်ကီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,ဝ၀ဝ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
MDN