နေပြည်တော် ၂၉ ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ ကြူဝန်းကျေးရွာ၊ ရွာလယ်လမ်း၌ လမ်းလျှောက်လာသူ စကုမြို့နယ်၊ ခရုကန်ကျေးရွာနေ တင်ဇော်လင်း (၂၀)နှစ်အား မသင်္ကာ၍ စစ်ဆေးရာ ၎င်းကိုင်ဆောင်လာသော စက္ကူလက်ဆွဲအိတ်အတွင်းမှ ကျောက်မိုင်းခွဲရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၆၀ဝ ခုတို့အား တွေ့ရှိသဖြင့် စစ်မေးရာ အဆိုပါပစ္စည်းများအား ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာနေ ခင်မောင်ကြူး (၄၂)နှစ်ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရ၍ ခင်မောင်ကြူး၏နေအိမ်သို့ သွားရောက်ရှာဖွေရာ ခင်မောင်ကြူးအား ၁ အိတ်လျှင် ၄၀ ကီလိုခန့်ပါ အမိုနီယမ်နိုက်ထရိတ် ၁၃ အိတ် (၅၂၀ ကီလိုခန့်)၊ စက္ကူဂျပ်ဖာဖြင့်ထည့်လျက် ဒီတိုနေတာ ၃၈ ခု၊ ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် ၁ အိတ်လျှင် ၁ ပိဿာခန့်ရှိ အမိုနီယမ်နိုက်ထရိတ် ၃၆ အိတ် (၅၈ ကီလိုခန့်)၊ အရှည် ၅၀ ပေခန့်ရှိ ယမ်းကြိုးခွေ ၅ ခွေတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

 

‌ေ

 

ခင်မောင်ကြူးအား စစ်မေးရာ ၎င်းပစ္စည်းများအား ကျောက်ချောကျေးရွာနေ ထက်ဝေအောင် (၂၅)နှစ်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ထက်ဝေအောင်၏ နေအိမ်သို့ဆက်လက် ဝင်ရောက်ရှာဖွေရာ ထက်ဝေအောင်အား ၁ အိတ်လျှင် ၄၀ ကီလိုခန့်ပါ အမိုနီယမ်နိုက်ထရိတ် ၄၃ အိတ်(၁၇၂၀ ကီလိုခန့်)၊ ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် ၁ အိတ်လျှင် ၁ ပိဿာခန့်ပါ အမိုနီယမ်နိုက်ထရိတ် ၁၀၂ အိတ် (၁၆၆ ကီလိုခန့်)တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ခင်မောင်ကြူး၊ ထက်ဝေအောင်၊ တင်ဇော်လင်းတို့ (၃)ဦးအား အုန်းချောနယ်မြေရဲစခန်း၌ ပေါက်ကွဲအက်ဥပဒေပုဒ်မ ၅ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

MDN
Source: ရဲပြန်ကြား