နေပြည်တော်  ၁၀  ဇန်နဝါရီ 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၉ ရက် နံနက် ၅နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချောပူးပေါင်းစစ်ဆေးရေးစခန်း၌ ယာဉ် များအား စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် မူဆယ်မြို့မှ မန္တလေးမြို့သို့ ဦးကျော်စိုး မောင်း နှင်လာသည့် 5K/---- GI Group ခရီးသည်တင်မှန်လုံယာဉ်ပေါ်၌ လိုက်ပါလာသည့် ကွတ်ခိုင်မြို့နယ်၊ ဖောင်းဆိုင်ကျေးရွာနေ ဂမ်အောင်နှင့် တင်ထူးမောင်တို့ ၂ ဦး သယ်ဆောင် လာသည့် Sound Box နှင့် Keyboard အတွင်းမှ စိတ်ကြွဆေးပြား ၈၀ဝ၀ဝ  နှင့် အတူ အား ဖမ်းဆီးရမိခဲ့သဖြင့် အုန်းချောနယ်မြေရဲစခန်းမှ မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉(က)/၂၁ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

 MDN